
CVD (Cumulative Volume Delta) ဆိုတာ ဘာလဲ? CVD (Cumulative Volume Delta) ဆိုတာဟာ အချိန်ကြာလာတာနဲ့အမျှ စုပေါင်းပြီးဖြစ်လာတဲ့ ဝယ်သူတွေရဲ့ market orders နဲ့ ရောင်းသူတွေရဲ့ market orders တွေကြားက ကွာခြားချက်ပဲ ဖြစ်ပါတယ်။
ဝယ်သူတွေဟာ အရှိန်အဟုန်နဲ့ ဆက်တိုက် ဝယ်နေတယ်ဆိုပါစို့။ CVD ကလည်း တက်နေပါတယ်။ ဒါပေမဲ့ တစ်နေရာရောက်တဲ့အခါမှာတော့ ဈေးနှုန်းကို ထပ်ပြီးတက်အောင် တွန်းပို့ပေးနိုင်မယ့် ဝယ်သူအသစ်တွေ မရှိတော့ပါဘူး။ အဲဒီအခါမှာ CVD က တက်နေဆဲဖြစ်ပေမဲ့ ဈေးနှုန်းကတော့ ဆက်မတက်နိုင်ဘဲ ရပ်တန့်သွားပါတယ်။ ဒါက ဝယ်သူတွေဘက်က “ကုန်သွားပြီ” (ရှေ့ဆက်ဖို့ အားမရှိတော့ဘူး) ဆိုတဲ့ သဘောပါပဲ။
ရောင်းသူတွေအတွက်လည်း ဒီသဘောတရားအတိုင်းပါပဲ။
ဥပမာ: CVD က ဆက်တက်နေပေမဲ့ (ဝယ်သူတွေ များနေပေမဲ့) ဈေးနှုန်းက မတက်တော့ဘူးဆိုရင်၊ ဝယ်သူတွေ ကုန်ခမ်းနေပြီဖြစ်လို့ ဈေးနှုန်း ပြောင်းပြန်လှန်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။
တစ်ခါတလေမှာ ဈေးကွက်ထဲကို အများအပြား ဝယ်တာ ဒါမှမဟုတ် ရောင်းတာတွေ ဖြစ်လာပါတယ်။ ဒါပေမဲ့ ဈေးနှုန်းက သိပ်မပြောင်းလဲဘဲ တစ်နေရာမှာပဲ ငြိမ်နေတတ်ပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ အဲဒီမှာရှိနေတဲ့ "limit orders" ကြီးတွေက market orders အားလုံးကို စုပ်ယူထားလို့ပါပဲ။
ဥပမာ: CVD တက်နေပေမဲ့ (ဝယ်သူတွေ များနေပေမဲ့) ဈေးနှုန်းက မပြောင်းလဲဘဲ ငြိမ်နေတယ်ဆိုရင်၊ ရောင်းသူတွေက ဝယ်သူတွေရဲ့ orders တွေကို စုပ်ယူထားတာ ဖြစ်ပါတယ်။